Friday, June 17, 2016

တမာပင်စိုက်ပျိုး၍ ကုသိုလ်ယူသည့်မှတ်တမ်း 2016 (Neem tree)


မြန်မာနိုင်ငံ ရန်ကုန်မန္တလေး အမြန်လမ်းမ မိုင်တိုင်အမှတ် ၂၇၈ နှင့် ၂၇၉ အနီး
တမာပင်ပျို ၁၀ဝ လမ်းတစ်ဘက် ၅၀ စီ
စိုက်ပျိုးလှူဒါန်း ကုသိုလ်ယူသည့် မှတ်တမ်း
- - -

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ်စကိုမြို့
လောကနာထဘုန်းတော်ကြီးကျောင်း
ဆရာတော် ဦးလောကနာထ ဦးဆောင်လှူဒါန်းပါသည်။
(ဆရာတော်အား ပစ္စည်းလေးပါးထောက်ပံ့ဖူးသူ အများကောင်းမှုသာ ဖစ်ပါသည်။)


သစ်ပင်စိုက်ပျိုးကုသိုလ်ပြုနိုင်ရန်အတွက်
အစအဆုံးကူညီသူ စိုက်ပျိုးရေးမှ ဒေါက်တာ ဒေါ်သန်းသန်းစိန်နှင့်
အခကြေးငွေမယူ ကုသိုလ်ယူသူများ၊ အခကြေးငွေယူသော်လည်း
စေတနာဖြင့် ပြုစုကူညီသူများအားလုံးကို
အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါသည်။


ပြုခဲ့ဖူးသမျှ ကုသိုလ်အားလုံး၏ အဖို့ဘာဂကို
ကျေးဇူးကြီးမားကြသော အမိအဖ ဆရာသမားမှအစ
သုံးဆယ်တစ်ဘုံ၌ ကျင်လည်ကြကုန်သော သတ္တဝါအပေါင်းအား အမျှပေးဝေပါ၏...

အားလုံးကြားကြားသမျှ အမျှ...အမျှ...အမျှ...
ယူတော်မူကြပါကုန်လော့...
သာဓု... သာဓု... သာဓု...


















Tuesday, June 14, 2016

2016 Waso Festival Invitation



အမေရိကန်နိုင်ငံ ဆန်ဖရန်စစ်စကိုမြို့
လောကနာထ ဘုန်းတော်ကြီးကျောင်းတိုက်

 ၂၀၁၆ ခုနှစ် ဂျူလိုင်လ ၃ ရက် ပထမတနင်္ဂနွေနေ့ နံနက် ၉ နာရီတွင်
ဗေးဧရိယာရှိ သံဃာတော် ၇ ပါးပင့်ဖိတ်၍
ဝါဆိုသင်္ကန်း လှူဒါန်းပွဲ ပြုလုပ်မည်ဖြစ်ပါကြောင်း
မိတ်ဆွေအပေါင်းအား အသိပေး ဖိတ်ကြားလိုက်ပါသည်။

...




Friday, June 10, 2016

LAWKANARTHA MONASTERY Waso Festival


LAWKANARTHA MONASTERY Waso Festival
Sunday, July 3, 2016


လောကနာထ ဘုန်းတော်ကြီးကျာင်း ဝါဆိုသင်္ကန်း လှူဒါန်းပွဲ
 သာသနာနှစ် ၂၅၆၀-ခု၊
 မြန်မာသက္ကရာဇ် ၁၃၇၈-ခု၊ နယုန်လပြည့်ကျော် ၁၃-ရက်၊
နံနက် ၉-နာရီ အချိန်
ဓမ္မစကြာတရားတော် ပါဠိမြန်မာ နှစ်ဘာသာဖြင့် ရွတ်ဖတ်ပူဇော်ကြပါမည်

. . .



Sunday, June 5, 2016

ခြောက်ဆယ့်တစ်ကြိမ်မြောက် တရားဦးဓမ္မစကြာ ပူဇော်ပွဲပုံ...



၆.၅.၂၀၁၆ တနင်္ဂနွေနေ့ နံနက် ၉-နာရီတွင်

ခြောက်ဆယ့်တစ်ကြိမ်မြောက်

ဓမ္မစကြာတရားတော်ကို ကြည်ညိုစွာဖြင့် ပူဇော်ခဲ့ကြပါသည်
...


Friday, June 3, 2016

ခြောက်ဆယ့်တစ်ကြိမ်မြောက် တရားဦးဓမ္မစကြာ ပူဇော်ပွဲ ...

Sunday, Jun 5, 2016


လစဉ် ပထမတနင်္ဂနွေနေ့တိုင်း
ပူဇော်မြဲဖြစ်သော တရားဦးဓမ္မစကြာကို ပါဠိမြန်မာ နှစ်ဘာသာဖြင့်
၂၀၁၆-ခု ဇွန်လ ၅-ရက် နံနက် ၉-နာရီတွင် စုပေါင်း ရွတ်ဖတ် ပူဇော်ကြပါမည်

ခြောက်ဆယ့်တစ်ကြိမ်မြောက် တရားဦးဓမ္မစကြာ ပူဇော်ပွဲ