Tuesday, July 19, 2011

LOKANITI_One who is lazy gains no knowledge.


ပျင်းရိသောသူသည် အတတ်ပညာ မရနိုင်။
အတတ်ပညာ မရှိသောသူသည် ဥစ္စာစီးပွား မရနိုင်။
ဥစ္စာစီးပွား မရှိသူသည် အဆွေခင်ပွန်းကောင်း မရနိုင်။
အဆွေခင်ပွန်းကောင်း မရှိသောသူသည် ချမ်းသာသုခ မရနိုင်။
ချမ်းသာသုခ မရှိသူသည် ကောင်းမှုကုသိုလ် မရနိုင်။
ကောင်းမှုကုသိုလ်မရှိသူသည် နိဗ္ဗာန်ကို အဘယ်မှာ မျက်မှောက်ပြုနိုင်အံ့နည်း။

One who is lazy gains no knowledge.
One who has no knowledge gains no wealth.
One who has no wealth has no good companion.
One who has no good companion has no solace.
One who has no solace cannot gain merit.
How can one find the way to Nirvana without good deeds?

Aenda Swe

လစဉ် ပထမတနင်္ဂနွေ ဓမ္မစကြာတရား ပူဇော်ပွဲ...

Sunday, May 1, 2011

Sunday, June 5, 2011 
Sunday, July 3, 2011 




Dhamma Cakka_ဓမ္မစကြာ ပါဠိမြန်မာ နှစ်ဘာသာ...



Thursday, July 14, 2011

ဓမ္မဒူတ အရှင်ပညာဇောတ တရားတော်များ


ဓမ္မဒူတ အရှင်ပညာဇောတ

သာသနဓဇ သိရီပ၀ရဓမ္မာစရိယ၊ ဗုဒ္ဓသာသန ၀ိသိဋ္ဌ ဒီဃ ဘာဏက၊
အဘိ သိရီပ၀ရ သာသနာလင်္ကာရ ဒီဃနိကာယ၊ ပိဋကတ္တယ ပါရဂူ၊
အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဓမ္မကထိက။


MP3
တရားတော် ၈၅-ပုဒ်။


တရားနာပြီး တရားအတိုင်း ကျင့်ကြံနိုင်ကြပါစေ

Sunday, July 3, 2011

လောကနာထဘုန်းကြီးကျောင်း လုပ်ငန်းစဉ်နှင့် ဦးတည်ချက်


11.01.10

လောကနာထ ဘုန်းကြီးကျောင်း

လောကသုံးပါးတွင်းမှာ ရှိကြကုန်သော သင်တို့တစ်တွေသည်
မဂ္ဂင်ရှစ်ပါး မြတ်တရားဖြင့်
ဗောဓိဉာဏ်သုံးပါး တစ်ပါးပါးသို့ ဖောက်ထွက်နိုင်ကြပါစေကုန်သတည်း...

လောကနာထကျောင်းတော် ၁၁.ဝ၁.၁၀ နေ့တွင် စတင်ဖွင့်လှစ်ပါသည်...

လောကနာထ အမည်ရဲ့ အဓိပ္ပါယ်ကတော့...

လောကဆိုသည်မှာ လောကသုံးပါးကို ခေါ်ပါတယ်...
၁။ သြကာသလောက...
၂။ သတ္တလောက...
၃။ သင်္ခါရလောက...

နာထဆိုသည်မှာ ကိုးကွယ်ရာပါ...
နှစ်ခုပေါင်းတော့ လောကသုံးပါး၏ ကိုးကွယ်ရာလို့ အဓိပ္ပါယ်ရလာပါတယ်... လောကသုံးပါး၏ ကိုးကွယ်ရာအစစ်မှာ သဗ္ဗညုမြတ်စွာဘုရားသာ ဖြစ်ပါတယ်... သည်ကျောင်းတော်မှာ ဆက်လက်၍ နာမည်ပိုင်ရှင် မြတ်ဗုဒ္ဓအလိုကျ ဦးတည်ချက်သုံးရပ် လုပ်ငန်းစဉ်သုံးရပ်နဲ့ နေထိုင်သွားမှာ ဖြစ်ပါတယ်...

ဦးတည်ချက် သုံးရပ်...
၁။ မြတ်ဗုဒ္ဓ၏ ထေရဝါဒသာသနာ မိမိမှာတည်ရန်...
၂။ မြတ်ဗုဒ္ဓ၏ ထေရဝါဒသာသနာ သူတစ်ပါးမှာ တည်စေရန်...
၃။ မြတ်ဗုဒ္ဓ၏ ထေရဝါဒဓမ္မအမှန်များ ပေါ်ထွန်းတည်တန့်စေရန်...

လုပ်ငန်းစဉ် သုံးရပ်...
၁။ မြတ်ဗုဒ္ဓအဆုံးအမနှင့် သတ္တဝါများကို ငြိမ်းချမ်းစေခြင်း။
၂။ သတ္တဝါအများကို ကိုယ်ချင်းစာတရားထား၍ ကယ်တင်စောင့်ရှောက်ခြင်း။
၃။ လူ့အဆင့်အတန်း မြင့်မားရေးအတွက် ကိုယ်ကျင့်တရားများ လေ့ကျင့်ပေးခြင်းတို့ ဖြစ်ပါတယ်...

လောကနာထကျောင်းတော်ကို ထေရဝါဒသာသနာအတွက် အကောင်းဆုံးသော သံဃိက အဖွဲ့ပိုင်ကျောင်းအဖြစ်ထားရှိပြီး သာသနာအတွက် အကျိုးရှိစွာ တည်တည်တန့်တန့် အသုံးချသွားကြရပေမည်...

လောကနာထ အသင်းအဖွဲ့ကိုလည်း စနစ်တကျ ဖွဲ့စည်းမည်ဖြစ်ပါ၍ သာသနာကို စောင့်ရှောက်လိုသူများ အသင်းအဖွဲ့ထဲတွင် ပါဝင်ကုသိုလ်ယူနိုင်ကြပါတယ်။ ပစ္စည်းလေးပါးထောက်ပံ့မှုကို ပြုလုပ်နိုင်ရန် အဖွဲ့ဝင်များနဲ့ ဆက်သွယ်နိုင်ပါတယ်၊ မြတ်ဗုဒ္ဓအလိုကျ ဆက်လက် လုပ်ကိုင်သွားနိုင်ရန် ဗုဒ္ဓဘာသာ သာသနာဝင်များအား ကံသုံးပါးဖြင့် ကောင်းမှုကုသိုလ် ပြုလုပ်နိုင်ပါကြောင်း ဖိတ်ခေါ်ခြင်းဖြင့် အသိပေးလိုက်ပါတယ်။

မိသားစုများအားလုံး စိတ်ချမ်းသာကြပါစေ...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ
(415) 681-3011