11.01.10
လောကနာထ ဘုန်းကြီးကျောင်း
လောကသုံးပါးတွင်းမှာ
ရှိကြကုန်သော သင်တို့တစ်တွေသည်
မဂ္ဂင်ရှစ်ပါး
မြတ်တရားဖြင့်
ဗောဓိဉာဏ်သုံးပါး
တစ်ပါးပါးသို့ ဖောက်ထွက်နိုင်ကြပါစေကုန်သတည်း...
လောကနာထကျောင်းတော် ၁၁.ဝ၁.၁၀ နေ့တွင် စတင်ဖွင့်လှစ်ပါသည်...
လောကနာထ အမည်ရဲ့ အဓိပ္ပါယ်ကတော့...
လောကဆိုသည်မှာ လောကသုံးပါးကို ခေါ်ပါတယ်...
၁။ သြကာသလောက...
၂။ သတ္တလောက...
၃။ သင်္ခါရလောက...
နာထဆိုသည်မှာ ကိုးကွယ်ရာပါ...
နှစ်ခုပေါင်းတော့ လောကသုံးပါး၏ ကိုးကွယ်ရာလို့ အဓိပ္ပါယ်ရလာပါတယ်...
လောကသုံးပါး၏ ကိုးကွယ်ရာအစစ်မှာ သဗ္ဗညုမြတ်စွာဘုရားသာ ဖြစ်ပါတယ်...
သည်ကျောင်းတော်မှာ ဆက်လက်၍ နာမည်ပိုင်ရှင် မြတ်ဗုဒ္ဓအလိုကျ ဦးတည်ချက်သုံးရပ်
လုပ်ငန်းစဉ်သုံးရပ်နဲ့ နေထိုင်သွားမှာ ဖြစ်ပါတယ်...
ဦးတည်ချက် သုံးရပ်...
၁။ မြတ်ဗုဒ္ဓ၏ ထေရဝါဒသာသနာ
မိမိမှာတည်ရန်...
၂။ မြတ်ဗုဒ္ဓ၏ ထေရဝါဒသာသနာ
သူတစ်ပါးမှာ တည်စေရန်...
၃။ မြတ်ဗုဒ္ဓ၏
ထေရဝါဒဓမ္မအမှန်များ ပေါ်ထွန်းတည်တန့်စေရန်...
လုပ်ငန်းစဉ် သုံးရပ်...
၁။ မြတ်ဗုဒ္ဓအဆုံးအမနှင့်
သတ္တဝါများကို ငြိမ်းချမ်းစေခြင်း။
၂။ သတ္တဝါအများကို
ကိုယ်ချင်းစာတရားထား၍ ကယ်တင်စောင့်ရှောက်ခြင်း။
၃။ လူ့အဆင့်အတန်း
မြင့်မားရေးအတွက် ကိုယ်ကျင့်တရားများ လေ့ကျင့်ပေးခြင်းတို့ ဖြစ်ပါတယ်...
လောကနာထကျောင်းတော်ကို ထေရဝါဒသာသနာအတွက် အကောင်းဆုံးသော သံဃိက
အဖွဲ့ပိုင်ကျောင်းအဖြစ်ထားရှိပြီး သာသနာအတွက် အကျိုးရှိစွာ တည်တည်တန့်တန့်
အသုံးချသွားကြရပေမည်...
လောကနာထ အသင်းအဖွဲ့ကိုလည်း စနစ်တကျ ဖွဲ့စည်းမည်ဖြစ်ပါ၍ သာသနာကို
စောင့်ရှောက်လိုသူများ အသင်းအဖွဲ့ထဲတွင် ပါဝင်ကုသိုလ်ယူနိုင်ကြပါတယ်။
ပစ္စည်းလေးပါးထောက်ပံ့မှုကို ပြုလုပ်နိုင်ရန် အဖွဲ့ဝင်များနဲ့ ဆက်သွယ်နိုင်ပါတယ်၊
မြတ်ဗုဒ္ဓအလိုကျ ဆက်လက် လုပ်ကိုင်သွားနိုင်ရန် ဗုဒ္ဓဘာသာ သာသနာဝင်များအား
ကံသုံးပါးဖြင့် ကောင်းမှုကုသိုလ် ပြုလုပ်နိုင်ပါကြောင်း ဖိတ်ခေါ်ခြင်းဖြင့်
အသိပေးလိုက်ပါတယ်။
မိသားစုများအားလုံး စိတ်ချမ်းသာကြပါစေ...
အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ
မြတ်ဗုဒ္ဓအမွေ...
ဦးလောကနာထ
(415)
681-3011
No comments:
Post a Comment