Friday, April 12, 2019

မဟာရာဟုလော၀ါဒသုတ်တော်လာ အာနာပါနဿတိ ဘာ၀နာ ပွါးများနည်း


... အာနာပါနဿတိ ဘာ၀နာ ပွါးများနည်း ...



အာနာပါနဿတိ ဘာ၀နာသည် အဘယ်ကဲ့သို့ ပွါးများသည် ရှိသော် အဘယ်ကဲ့သို့ ကြိမ်ဖန်များစွာ

လေ့လာသည် ရှိသော် များမြတ်သော အကျိုး များမြတ်သော အာနိသင် ရှိသနည်း။

ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်သည် ဖြစ်၍ လည်းကောင်း၊

သစ်ပင်ရင်းသို့ ကပ်သည် ဖြစ်၍ လည်းကောင်း၊

ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်သည် ဖြစ်၍ လည်းကောင်း

တင်ပလ္လင်ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေ၍ ထိုင်နေ၏၊


ရဟန်းသည်

သတိနှင့် မကင်းမူ၍ သာလျှင် ထွက်သက်ကို ဖြစ်စေ၏၊

သတိနှင့် မကင်းမူ၍ သာလျှင် ၀င်သက်ကို ဖြစ်စေ၏။

ရှည်စွာသော ထွက်သက်ကို ဖြစ်စေသည် ရှိသော် ရှည်စွာသော ထွက်သက်ကို ဖြစ်စေ၏ ဟု သိ၏၊

ရှည်စွာသော ၀င်သက်ကို ဖြစ်စေသည်ရှိသော် ရှည်စွာသော ၀င်သက်ကို ဖြစ်စေ၏ ဟု သိ၏၊

တိုသော ထွက်သက်ကို ဖြစ်စေသည်ရှိသော် တိုသော ထွက်သက်ကို ဖြစ်စေ၏ ဟု သိ၏၊

တိုသော ၀င်သက်ကို ဖြစ်စေသည် ရှိသော် တိုသော ၀င်သက်ကို ဖြစ်စေ၏ ဟု သိ၏။

အစ အလယ် အဆုံး ဟူသော အလုံးစုံသော ထွက်သက် အပေါင်းကို ထင်စွာ သိလျက် ထွက်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏၊

အစ အလယ် အဆုံး ဟူသော အလုံးစုံသော ၀င်သက် အပေါင်းကို ထင်စွာ သိလျက် ၀င်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏၊

ရုန့်ရင်းသော ကာယသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏၊

ရုန့်ရင်းသော ကာယသင်္ခါရကို ငြိမ်းစေလျက် ၀င်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏။

ပီတိကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏၊

ပီတိကို ထင်စွာ သိလျက် ၀င်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏။

သုခကို ထင်စွာ သိလျက် ထွက်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏၊

သုခကို ထင်စွာ သိလျက် ၀င်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏။

စိတ္တသင်္ခါရကို ထင်စွာ သိလျက် ထွက်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏၊

စိတ္တသင်္ခါရကို ထင်စွာ သိလျက် ၀င်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏။

ရုန့်ရင်းသော စိတ္တ သင်္ခါရကို ငြိမ်းစေလျက် ထွက်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏၊

ရုန့်ရင်းသော စိတ္တသင်္ခါရကို ငြိမ်းစေလျက် ၀င်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏။

စိတ်ကို ထင်စွာ သိလျက် ထွက်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏၊

စိတ်ကို ထင်စွာ သိလျက် ၀င်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏။

စိတ်ကို ၀မ်းမြောက် စေလျက် ထွက်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏၊

စိတ်ကို ၀မ်းမြောက် စေလျက် ၀င်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏။

စိတ်ကို ကောင်းစွာ အာရုံ၌ ထားလျက် ထွက်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏၊

စိတ်ကို ကောင်းစွာ အာရုံ၌ ထားလျက် ၀င်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏။

စိတ်ကို ကိလေသာမှ လွတ်စေလျက် ထွက်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏၊

စိတ်ကို ကိလေသာမှ လွတ်စေလျက် ၀င်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏။

အနိစ္စဟု အဖန်တလဲလဲ ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏၊

အနိစ္စဟု အဖန်တလဲလဲ ရှုလျက် ၀င်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏။

ရာဂကင်းရာ နိဗ္ဗာန်ကို အဖန်တလဲလဲ ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏၊

ရာဂကင်းရာ နိဗ္ဗာန်ကို အဖန်တလဲလဲ ရှုလျက် ၀င်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏။

ရာဂ၏ ချုပ်ရာ နိဗ္ဗာန်ကို အဖန်တလဲလဲ ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏၊

ရာဂ၏ ချုပ်ရာ နိဗ္ဗာန်ကို အဖန်တလဲလဲ ရှုလျက် ၀င်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏။

ကိလေသာကို စွန့်ရာ နိဗ္ဗာန် စွန့်တတ်သော မဂ်ကို အဖန်တလဲလဲ ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏၊

ကိလေသာကို စွန့်ရာ နိဗ္ဗာန် စွန့်တတ်သော မဂ်ကို အဖန်တလဲလဲ ရှုလျက် ၀င်သက်ကို ဖြစ်စေအံ့ ဟု ကျင့်၏။



ဤသို့ ပွါးများထားသော ဤသို့ လေ့လာ ထားသော အာနာပါနဿတိ ဘာ၀နာသည်

များမြတ်သော အကျိုး များမြတ်သော အာနိသင် ရှိ၏။

အာနာပါနဿတိ ဘာ၀နာကို ဤသို့ ပွါးများထားသော် ဤသို့ အကြိမ်များစွာ လေ့လာထားသော်

အဆုံးဖြစ်သော ထွက်သက် ၀င်သက် တို့သည်လည်း ထင်ရှားကုန်၍ သာလျှင် ချုပ်ကုန်၏၊

မထင်ရှားဘဲ ချုပ်သည် မဟုတ်ကုန်။

(မဇ္စျိမပဏ္ဏာသပါဠိတော်- ၂ - မဟာရာဟုလော၀ါဒသုတ်) ၁၂၁။



U Lawkanarhta- April 11, 2019