Wednesday, February 15, 2017

အံ့ဖွယ်တော် (၁၈) ပါး လင်္ကာ ဘုရားရှိခိုး...




အံ့ဖွယ်တော် (၁၈) ပါး လင်္ကာ ဘုရားရှိခိုး
(အရှေ့လယ်တီကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကုဏ္ဍလ)

၁-၂။ သုံးလူ့ထိပ်ပန်း ဝတ်ဆင်မြန်းသည် သင်္ကန်းတော်မှာ မနွမ်းပါ မထိတာလည်း အံ့ဖွယ်တည်း။
၃။ ဆံတော် လက်နှစ်သစ် မကျော်လစ် စင်စစ် အံ့ဖွယ်တည်း။
၄။ သပိတ်ဆေးလျှင် လက်တော်စင်၊ လက်တော်ဆေးလျှင် သပိတ်စင် ရှင့်တေ့ာ အံ့ဖွယ်တည်း။
၅။ မုံညှင်း ဆံသွင် ကြုတ်၌ဝင်၍ ရှင်တော်ဘုရား စင်္ကြံသွားလျက် ထူးခြားသေးငယ် ဖန်ဆင်းတယ် အံ့ဖွယ်တစ်ပါးတည်း။
၆။ နိမ္မိတရုပ်ပွား လွန်ကြီးမားအောင် ထူးခြားလှစွာ ဖန်ဆင်းရာ မှတ်ပါ အံ့ဖွယ်တည်း။
၇။ ရာထောင်အများ ကိုယ်တော်ပွား၍ ထူးခြားသပ္ပါယ် ဖန်ဆင်းတယ် အံ့ဖွယ်တစ်ပါးတည်း။
၈။ ရောင်ခြည်တော် (၆)ပါး ဖန့်လိုငြားသော် (၁၀) ပါးရပ်တည် ပတ်ပတ်လည်၌ လှည့်လည်ပြေးသွား ပျံ့နှံ့ငြား ထူးခြားအံ့ဖွယ်တည်း။
၉။ စကြဝဠာ များလှစွာဟု ကမ္ဘာအစဉ် တိုက်တခွင်၌ မှောင်ချင်မှောင်စေ လင်းတဲ့စေဟု နှစ်ထွေဖန်ဆင်း သည်အခင်း မယွင်း အံ့ဖွယ်တည်း။
၁၀။ အဋ္ဌင်္ဂီက မဓုရဟု အတုလမှန်သော် အသံတော်ဖြင့် ဟောဖေါ်လှစ်ကြား မြတ်တရားကို အများသတ္တဝါ နာကြားပါသော် ယူဇနာအများ ၀ေးကွာခြားလည်း ကြားရစမြဲ လွန်ထူးကဲမလွဲ အံ့ဖွယ်တည်း။
၁၁။ ၀ေနေယျသတ္တဝါ များလှစွာ၏ အာသယာနုသယ သိပေစွာ့ မုချ အံ့ဖွယ်တည်း။
၁၂။ ၀ေနေယျ ထွေထွေ ရှုကြည့်လေသော် ဣန္ဒြေနုရင့် အဆင့်ဆင့်ကို အသင့်မြင်ဟန် ဗုဒ္ဓဉာဏ် အမှန် အံ့ဖွယ်တည်း။
၁၃။ ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ သတ္တဝါကို ကရုဏာရှေ့ထား ကြည့်ရှုငြား မှတ်သားအံ့ဖွယ်တည်း။
၁၄-၁၈။ ဉေယျဓမ်အရာ ဉာဏ် (၅) ဖြာ မှတ်ပါအံ့ဖွယ်တည်း။

ဤသို့ အံ့ဖွယ် (၁၈) သွယ်ဖြင့် တင့်တယ် ထင်ရှား မြတ်စွာဘုရားအား သုံးပါးဒွါရ ပဏာမဖြင့် ကြည်ဆွသဒ္ဓါ ရှိခိုးပါ၏ အရှင်ဘုရား။

Monday, February 13, 2017

Saturday, February 4, 2017

၆၉-ကြိမ်မြောက် တရားဦးဓမ္မစကြာ ပူဇော်ပွဲပုံ...


၂.၄.၂၀၁၇ စနေနေ့ နံနက် ၉-နာရီတွင်

ခြောက်ဆယ့်ကိုးကြိမ်မြောက်
ဓမ္မစကြာတရားတော်ကို ပါဠိ မန်မာ နှစ်ဘာသာဖြင့်
 ကြည်ညိုလေးမြတ် ပူဇော်ခဲ့ကြပါသည်

. . .


Dhamma Cakka link...