Tuesday, March 28, 2017

ခုနှစ်ဆယ့်တစ်ကြိမ်မြောက် တရားဦးဓမ္မစကြာ ပူဇော်ပွဲ...


Saturday, April 1, 2017

လစဉ် ပထမစနေနေ့တိုင်း
ပူဇော်မြဲဖြစ်သော တရားဦးဓမ္မစကြာကို ပါဠိမြန်မာ နှစ်ဘာသာဖြင့်
၂၀၁၇-ခု ဧပြီလ ၁-ရက် နံနက် ၉-နာရီတွင်
စုပေါင်း ရွတ်ဖတ် ပူဇော်ကြပါမည်

ခုနှစ်ဆယ့်တစ်ကြိမ်မြောက် တရားဦးဓမ္မစကြာ ပူဇော်ပွဲ

...


Saturday, March 4, 2017

၇၀-ကြိမ်မြောက် တရားဦးဓမ္မစကြာ ပူဇော်ပွဲပုံ...



၃.၄.၂၀၁၇ စနေနေ့ နံနက် ၉-နာရီတွင်

အကြိမ် ခုနှစ်ဆယ်မြောက်
ဓမ္မစကြာတရားတော်ကို ပါဠိ မန်မာ နှစ်ဘာသာဖြင့်
ကြည်ညိုလေးမြတ် ပူဇော်ခဲ့ကြပါသည်

. . .



Dhamma Cakka link...

Thursday, March 2, 2017

ဝမ်းမြောက်ဖွယ် အလှူတစ်ခု ဖြစ်မြောက်ခြင်းပါ...



ဝမ်းမြောက်ဖွယ် အလှူတစ်ခု ဖြစ်မြောက်ခြင်းပါ...
 
နေထိုင်စရာ မရှိလေသော ပိုင်ရှင်မဲ့ခွေးလေးများအတွက် ရည်ရွယ်၍ ပုလုပ်နေသော ခွးစောင့်ရှောက်ရေးဂေဟာ ROYAL HEART ကို စစ်ကိုင်းဘက်တွင် ပြုလုပ်တည်ထောင်နေသည်ကို ကြားသိရပြီး ဖုံးမနိုင် ဖိမရ လှူဒါန်းလိုစိတ် ပေါ်ပေါက်လာပြီးနောက် သူတို့တစ်တွေ ဝယ်ယူထားသည့် ခံနေရာ ငွေအကြေပေးခြေရန် အခက်အခဲဖြစ်ပေါ်နေဟန် တွေ့ရှိရသည့်အတွက် ကျပ်ငွေ သိန်းတစ်ရာ အလျှင်အမြန် လှူဖြစ်သွားပါပြီ... ထိုအလှူငွေများကိုလည်း ခွေးလေးများအတွက် လွတ်လပ်စွာဖြင့် မည်သည့်ကိစ္စတွင်မဆို အသုံးပြုနိုင်ပါသည်...

ရှိလို့ လှူသည်တော့ မဟုတ်ပါပေ... သိလို့လှူခြင်းသာ ဖြစ်ပါသည်... ကောင်းမှုကုသိုလ်သည် ကောင်းကျိုး ရှိ၏ဟု မြတ်ဗုဒ္ဓ မိန့်ကြားသည်ကို သိ၍ မိမိအတွက် ကျောင်းနေရာ မဝယ်နိုင်သေးခင် မိမိထက် ခက်ခဲနေသော သတ္တဝါအများ နေရာထိုင်ခင်း ပြည့်စုံပါစေခြင်းငှါ လှူဒါန်းခြင်းဖြစ်ပါသည်... ထိုအလှူအတွက် မည်သူ့ထံကမျှ အလှူမခံခဲ့ပါ... မိမိအတွက် အပ်စပ်စွာဖြင့် ရရှိခဲ့သော နဝကမ္မ ဝတ္ထု အလှူငွေထဲက ဖြစ်ပါသည်... တနည်းအားဖြင့် ဤကုသိုလ်သည် ဘုန်းကြီးအား နည်းများ မဆို လှူဒါန်းဖူးသူ အားလုံး၏ ကုသိုလ်သာ ဖြစ်ပါသည်... လှူဒါန်းဖူးသူအားလုံးသည် အလှူရှင်များ ဖြစ်ကြပါသည်... လှူဖူးသူများ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုကြပါလေ... သတ္တဝါအားလုံးလည်း အမျှရကြပါစေရန် အမျှပေးဝေပါသည်...



ရောက်ရာအရပ်မှ ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့...

သာဓု... သာဓု... သာဓု...


လှူဒါန်းခွင့်ရရှိရန်အတွက်-

အလှူဖြစ်မြောက်အောင် ကူညီကြသော ဒေါ်အေးအေးကျော့ မောင်နှမ ကို ကျေးဇူးတင်ပါသည်... link
အလှူခံယူကာ ခွေးလေးများအား စောင့်ရှောက်ပေးနေသူများ အားလုံးကိုလည်း ကျေးဇူးတင်ပါသည်...link

စိတ်ချမ်းသာကြပါစေ... ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...
ဦးလောကနာထ(ဆန်ဖရန်စစ်စကို)
၃.၂.၂၀၁၇


-ဝ-

-ခွေးဂေဟာအတွက် လှူဒါန်းလိုသူများရှိပါက လှူဒါန်းနိုင်စေရန်-



စောသဲဦး         KBZ ATM -999-307-02801175101

AYA Acc - 0104 2010 1000 8923

 CB Acc - 0031 6001 0005 3015

AGD 201-151-0822451

Phone:            09978461459 - 09772301864







ဓါတ်ပုံများသည် အောက်က လင့်များမှ ဖြစ်ပါသည်...
https://www.facebook.com/profile.php?id=100005027567924
Saw Thae - ဆရာတော် ဦးလောကနာထ 2364 30th Ave San Francisco...



Wednesday, March 1, 2017

အကြိမ် ခုနှစ်ဆယ်မြောက် တရားဦးဓမ္မစကြာ ပူဇော်ပွဲ...


Saturday, March 4, 2017

လစဉ် ပထမစနေနေ့တိုင်း
ပူဇော်မြဲဖြစ်သော တရားဦးဓမ္မစကြာကို ပါဠိမြန်မာ နှစ်ဘာသာဖြင့်
၂၀၁၇-ခု မတ်လ ၄-ရက် နံနက် ၉-နာရီတွင်
စုပေါင်း ရွတ်ဖတ် ပူဇော်ကြပါမည်