Tuesday, January 31, 2017

ခြောက်ဆယ့်ကိုးကြိမ်မြောက် တရားဦးဓမ္မစကြာ ပူဇော်ပွဲ...


Saturday, February 4, 2017

လစဉ် ပထမစနေနေ့တိုင်း
ပူဇော်မြဲဖြစ်သော တရားဦးဓမ္မစကြာကို ပါဠိမြန်မာ နှစ်ဘာသာဖြင့်
၂၀၁၇-ခု ဖေဖေါ်ဝါရီလ ၄-ရက် နံနက် ၉-နာရီတွင်
စုပေါင်း ရွတ်ဖတ် ပူဇော်ကြပါမည်



Saturday, January 14, 2017

ဦးလောက နောက်တစ်ပတ် လာဦးနော်...

1.14.2017

ဦးလောက နောက်တစ်ပတ် လာဦးနော်...

ဒီလို မိန့်ဆိုသံလေး ထပ်၍ မကြားရတော့ပြီ...

မိန့်ဆိုသူက ဟာ့ဗ်မွန်းဗေး ဓမ္မာနန္ဒကျောင်းက ဆရာတော်ဘုရား ဦးသောဘန... အမေရိကားမှာတော့ သက်တော် ဝါတော်အကြီးဆုံး... ဓမ္မာနန္ဒကျောင်းဆရာတော်ဘုရား (ဦးသီလာနန္ဒာဘိဝံသ) ၏ ပင့်ဖိတ်ချက်နဲ့ ပြည်ပသာသနာပြုအဖြစ် အမေရိကားကို လွန်ခဲ့သော သုံးဆယ့်ငါးနှစ်ခန့်က ရောက်ရှိလာသူ ဖြစ်ပါတယ်... ရောက်ရှိလာချိန်မှစ၍ သာသနာရေးများကို စွမ်းနိုင်သမျှ ဆောင်ရွက်တော်မူခဲ့သည့်အတွက် မြန်မာနိုင်ငံမှ အဂ္ဂမဟာ သဒ္ဓမ္မ ဇာတိကဓဇ (သာသနာပြု ပထမအဆင့်) ဘွဲ့တော် ဆက်ကပ်မှုကို ခံယူရရှိခဲ့ပါတယ်...


သက်တော်ကြီးရင့်လာလို့ ကျန်းမာရေးယိုယွင်းလာသည့်အတွက် လူကြီးများကို စောင့်ရှောက်သည့်နေရာ(Atherton)မှာ နေထိုင်ခဲ့ရပါတယ်... အရေးပေါ်ကျန်းမာရေးကိစ္စကို ကျောင်းမှသံဃာတော်တွေ ပြုစုတာထက် ထိုနေရာက ပို၍အဆင်ပြေသည့်အတွက် ဆရာတော်ကိုယ်တိုင် နှစ်သက်စွာဖြင့် သီတင်းသုံးနေထိုင်ခဲ့သည်မှာ ကာလရှည်ကြာခဲ့လေပြီ... ထိုနေရာ၏ ကုန်ကျစားရိတ် တစ်ရက် ဒေါ်လာ နှစ်ရာ၊ တစ်လ ခြောက်ထောင်ခန့်ပေးရသည်ဟု ကြားသိခဲ့ရဖူးပါတယ်... ဆရာတော်ပြုခဲ့သည် ကောင်းမှု၏ အကျိုးဆက်ကြောင့် နိုင်ငံတော် ထောက်ပံ့ကြေးနဲ့ ဒီလိုနေရာမှာ နေခွင့်ရခဲ့တယ်... ဆွမ်းကိစ္စ ကျန်းမာရေးကိစ္စ အစစ အရာရာ အဆင်ပြေစွာနဲ့ တရားနှလုံးသွင်းလို့ သီတင်းသုံးနေထိုင်လာတာ ခြောက်နှစ်ခန့် ကြာမြင့်ခဲ့ပါပြီ...

စာရေးသူကို ၄၅ မိုင်ခန့်ဝေးတဲ့ ဆရာတော်ရှိရာသို့ ဒကာတော် Robert မှ ကုသိုလ်ယူခါ လိုက်ပို့မှုကြောင့် ဆရာတော်ကိုဖူးရင်း ဒေသနာကြားရင်း တစ်ပတ်တစ်ခါ သွားရောက်ခဲ့ရပါတယ်... သွားရောက်သည့်အခါ ဆရာတော်ကို ဖူးရသည်မှာ ပုံစံနှစ်မျိုးဖြင့်သာ တွေ့ရတာများပေတယ်... ထိုင်နေရင်းနဲ့ ဝိနည်းစာအုပ် ပဋ္ဌာန်းစာအုပ်တွေကို ဖတ်နေတာရယ် လဲလျောင်းရင်း နားမှာနားကြပ်တပ်လို့ အိုင်ပက်ကနေ တရားနာနေတာရယ် တွေ့ရတယ်... ဆရာတော်နာကြားတဲ့ တရားတွေကတော့ မင်းကွန်းဆရာတော်ရဲ့ ဆဋ္ဌသံဂါယနာတင် တရားတော်နဲ့ ဟောစဉ်များသာ ဖြစ်ပါတယ်...

မင်းကွန်းဆရာတော်တရားတွေ ကောင်းလိုက်တာ ဦးလောကရယ်...

နာကြားလို့ကို မဝနိုင်ဘူးလို့ အမြဲပြောကြားတယ်...




လူကြီးလူနာတွေ ဒေါသတကြီး အော်ငြီးနေချိန်...
မိသားစုကို မျှော်လင့်တကြီး စောင့်စားနေချိန်မှာ...
ဆရာတော်ကိုတော့ တရားရဲ့တန်ခိုးကြောင့် ငြိမ်းအေး ချမ်းမြေ့စွာနဲ့ အမြဲ ဖူးတွေ့ရပါတယ်...
ပြန်ခါနီး နှုတ်ဆက်တိုင်း ဆရာတော်မိန့်တာကတော့...
ဦးလောက နောက်တစ်ပတ် လာဦးနော်... တဲ့... (ေဒသနာၾကားလို၍)

ခုတော့ ဒီလိုဖိတ်ခေါ်သံလည်း မကြားရနိုင်တော့ပြီ...


-အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ-
၂၀၁၇- ခုနှစ် ဇန်နဝါရီလ ၁၀- ရက် အင်္ဂါနေ့
နံနက် ၈း၄၅ နာရီခန့်က ဘဝတစ်ပါးသို့ ပျံလွန်တော်မူလေပြီ...


ခန္ဓာရှိသမျှ သွားရမည့်ခရီး သွားနှင့်ပေါ့ ဆရာတော်...
ဦးလောကနာထ (ဆန်ဖရန်စစ်စကို)
၁.၁၄.၂၀၁၇


PDF File U...


Saturday, January 7, 2017

၆၈-ကြိမ်မြောက် တရားဦးဓမ္မစကြာ ပူဇော်ပွဲပုံ...



၁.၇.၂၀၁၇ စနေနေ့ နံနက် ၁၀-နာရီတွင်
ခြောက်ဆယ့်ရှစ်ကြိမ်မြောက်
ဓမ္မစကြာတရားတော်ကို ပါဠိ မြန်မာ နှစ်ဘာသာဖြင့်
 ကြည်ညိုလေးမြတ် ပူဇော်ခဲ့ကြပါသည်

. . .


Friday, January 6, 2017

ခြောက်ဆယ့်ရှစ်ကြိမ်မြောက် တရားဦးဓမ္မစကြာ ပူဇော်ပွဲ...


Saturday, January 7, 2017

လစဉ် ပထမစနေနေ့တိုင်း
ပူဇော်မြဲဖြစ်သော တရားဦးဓမ္မစကြာကို ပါဠိမြန်မာ နှစ်ဘာသာဖြင့်
၂၀၁၇-ခု ဇန်နဝါရီလ ၇-ရက် နံနက် ၉-နာရီတွင်
စုပေါင်း ရွတ်ဖတ် ပူဇော်ကြပါမည်