Showing posts with label inform. Show all posts
Showing posts with label inform. Show all posts
Sunday, September 24, 2023
Monday, August 28, 2023
Sunday, October 9, 2022
Monday, August 22, 2022
Thursday, October 25, 2018
အမေရိကန်နိုင်ငံ ဗေးဧရိယာမှာရှိကြသော သံဃာတော်များ ပဝါရဏာပွဲ
Wednesday, October 24,
2018
သာသနာနှစ် ၂၅၆၂၊ ခရစ်နှစ် ၂၀၁၈၊ မြန်မာသက္ကရာဇ်
၁၃၅၀-ခု သီတင်းကျွတ်လပြည့်နေ့
ဒေးလီးစီးတီးမြို့ ရတနာဉာဏ်ရောင်ကျောင်းတော်တွင်
သံဃာတော် ၂၆-ပါး သံဃပ၀ါရဏာ ပြုကြပါသည်။
အမေရိကန်နိုင်ငံ ဗေးဧရိယာမှာရှိကြသော ရဟန်းတော်များ
ဝါလကင်းလွတ် သီတင်းကျွတ် လပြည့်နေ့တွင် သံဃာတော်များ ညီညီညွတ်ညွတ် စုပေါင်း၍
သိမ်ရှိသောကျောင်းတိုက်များမှာ တစ်နှစ်တစ်ကျောင်း လှည့်လည်၍ ပဝါရဏာ ပြုကြပါတယ်။ ဒီ
အစီအစဥ်တွေကိုတော့ ဗေးဧရိယာမှာ လွန်ခဲ့သော ဆယ့်ရှစ်နှစ်လောက်ကစပြီး
ဓမ္မာနန္ဒဆရာတော် ဘုရားတို့ ဦးဆောင်၍ ပြုလုပ်လာခဲ့ကြတာ ယခုနှစ်အထိ ကျင့်သုံးနေဆဲ
ဖြစ်ပါတယ်။
ပဝါရဏာဆိုတာကတော့ ဖိတ်ကြားတာပါပဲ၊ "သံဃံ ဘန္တေ
ပ၀ါရေမိ ဒိဋ္ဌေန ၀ါ သုတေန ၀ါ ပရိသင်္ကာယ ၀ါ ၀ဒန္တု မံ အာယသ္မန္တော အနုကမ္ပံ
ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ။"
တဲ့၊
အဓိပ္ပါယ်က အရှင်ဘုရားတို့
တပည့်တော်သည် သံဃာတော်ကို ဖိတ်မန္တကပြုပါသည်။ တပည့်တော်၏အပြစ်ကို မြင်သည်ဖြစ်စေ၊
ကြားလျှင်ဖြစ်စေ၊ ယုံမှား သံသယရှိလျင်ဖြစ်စေ၊
တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ဆုံးမ
ပြောဆို ကြပါဘုရား၊ အရှင်ဘုရားတို့ ဆုံးမသည့်အတိုင်း တပည့်တော်မှာ
အပြစ်ရှိနေသည်ဟု တွေ့မြင်ရလျှင် တပည့်တော် လိုက်နာ
ပြုပြင်ပါ့မည်ဘုရား။
ဒီလိုဖိတ်ကြားပြီးနောက် ဝါတော်အကြီးဆုံး ဆရာတော်က ဆုံးမစကားပြောကြားပါတယ်။
အင်္ဂုတ္တိုရ်မှာလာတဲ့ ဥပက္ကိလေသသုတ် ကို အခြေခံပြီး
ဆုံးမသွားပါတယ်၊ လိုရင်းလေးကတော့ တိမ်တိုက် ဆီးနှင်း မြူ ရာဟု
အသုရိန်စသည်တို့သည် လ နေ တို့၏ ညစ်နွမ်းကြောင်းဖြစ်တယ်၊ ထို့အတူ သမဏဗြာဟ္မဏတို့ မှာလည်း ရဟန်းဖြစ်လျှက် သေရည်သေရက်ကို သောက်သုံးခြင်း၊ မေထုန်အကျင့်ကို
မှီ၀ဲခြင်း၊ ရွှေငွေကို ခံယူခြင်း၊ မှားသော အသက်မွေးခြင်းစသည် ယင်းညစ်နွမ်းကြောင်းတို့ဖြင့်
ညစ်နွမ်းကုန်သော အချို့သော ရဟန်း သမဏ ဗြာဟ္မဏတို့သည်
အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။ ဆိုတဲ့အကြောင်း ဟောကြား ဆုံးမလေတော့ ရွှေငွေကို ခံယူခြင်း ဆိုတဲ့အချိန်မှာ
ပြုံးမိသွားတယ် ဘာလို့လဲဆိုတော့ သိမ်ထဲကထွက်တာနဲ့ ရဟန်းတွေ ငွေဆိုတာကို
လက်ခံသာယာကြတော့မယ်လေ။
ပွဲပြီးတော့ ထင်ထားတဲ့အတိုင်းပါပဲ ဘုန်းကြီးတစ်ပါးကို
အလှူခံစရာ အိတ်တစ်လုံးစီပေးပါတယ် တန်းစီကြွကာ အလှူခံကြရမှာပေါ့၊ လပြည့်နေ့မှာ
ရဟန်းတွေ တိမ်ဖုံးလို့ လ မသာနိုင်တော့ပါ။ အချို့ တကာမတွေက ဆိုကြသေးတယ်
အိတ်နဲ့ဆို ရတယ်မို့လားတဲ့၊ မရပါလေ ဒကာမတို့ရေ။ တကာမတစ်ယောက်က စာအိတ်ပေါ်မှာ
ဘယ်လိုရေးရတာလဲ အဲလိုရေးရင် ရတယ်မို့လားအရှင်ဘုရား၊ နဝကမ္မလို့ ရေးရပါတယ် သို့သော်လည်း
မရပါလေ ဒကာမတို့ရေ။
ပြောရင်းဆိုရင်း
ဆရာတော်ကြီးတွေ အိတ်ကြီးဆွဲလို့
ဆင်းသွားပြီ ငါ့ရှင်တို့ တန်းစီသွားကြစို့…
Thursday, March 29, 2018
Thursday, April 12, 2012
ကျွန်တော်တို့၏ ရဟန်းခံ...
ကျွန်တော်တို့ရဟန်းခံပွဲမှာ ဒီလိုတွေလုပ်ခဲ့ရပါတယ်...
၄.၇.၂၀၁၂
ဥပစ္ဇျာယ်လည်းယူရတယ်...
ဒီလိုလည်းဆုံးမပါတယ်...
ရဟန်းခံချိန် ကမ္မဝါဖတ်သံကြားရတာ နားဝင်ပီယံ အလွန်ရှိတာပါ...
ဒါကတော့ ကျွန်တော်တို့ မှီဝဲရမဲ့ လေးပါး...
ဒီလေးပါးကတော့ ရဟန်းမှန်သမျှ မမှီဝဲရတဲ့ လေးပါး...
နေ့စဉ် ဒီလိုနေခဲ့ရပါတယ်...
Thursday, February 23, 2012
ဆွမ်းခံထွက်ရာ နေ့များနှင့် အချိန် နေရာ...
LAWKANARTHA MONASTERY
2364
30th Avenue, San Francisco, CA 94116
U S A
ဆွမ်းလောင်းလိုသူများ အဆင်ပြေစေရန်
ဆရာတော်ဦးလောကနာထ ဆွမ်းခံထွက်ရာ နေ့များနှင့်
အချိန် နေရာ ခရီးစဉ်
1091-1095 Gilman
Avenue San Francisco CA 94124-3710
၂၀၂၀ ဇန်နဝါရီလတွင် ကျောင်းနေရာသစ်သို့
ပြောင်းရွှေ့ပါသည်
COVID 19 ကြောင့် ဆွမ်းခံခြင်း
ခေတ္တရပ်နားထားရပါသည်
အရှင်ဘုရား မည်သည့်နေ့ရက်မဆို အောက်ပါလိပ်စာသို့ ဆွမ်းခံကြွတော်မူပါဘုရား
Tennessee Grill 1128 Taraval Street San Francisco, CA 94116
Monday, December 19, 2011
Body Repair
Maung Than Zaw Oo – 7 years old, Min Kae township, near Sit Twe, Arakan State, Burma As seen, 7-year old boy, Maung Than Zaw Oo has a liver problem Necessary for the operation will be 1,000,000 to 3,000,000 Kyats estimated in the website of www. nayzawlin1.com/ Probably with the boy’s luck, prompted me to donate the cost of his operation As myself has similar liver problem, I have sympathy for the boy, decided to contribute $1000 for him to relieve from his trouble On 12/6/11 the money $1000 was sent out to Burma That was equivalent of 800,000 Kyats for the boy Please note, that money donated for the boy was actually from all our devotees contributed for my general needs throughout the time This donation for the boy is meant for everybody who has done good deeds of general contributions to the Lawkanartha Monastery and I wish all of you to be delighted with joy for the course of this donation to relieve the boy from his trouble To all our devotees near and far, seen and heard of this noble course of donation, please accept the merits done.
Subscribe to:
Posts (Atom)











