Wednesday, October 31, 2018
Monday, October 29, 2018
Sunday, October 28, 2018
အကြိမ်ကိုးဆယ်မြောက် တရားဦးဓမ္မစကြာ ပူဇော်ပွဲ...
Saturday Nov 3, 2018
လစဉ် ပထမစနေနေ့တိုင်း ပူဇော်မြဲဖြစ်သော
တရားဦးဓမ္မစကြာကို ပါဠိ မြန်မာ နှစ်ဘာသာဖြင့်
၂၀၁၈-ခု နိုဝင်ဘာလ ၃-ရက်နေ့ နံနက် ၉-နာရီတွင်
စုပေါင်း ရွတ်ဖတ် ပူဇော်ကြပါမည်
တရားဦးဓမ္မစကြာကို ပါဠိ မြန်မာ နှစ်ဘာသာဖြင့်
၂၀၁၈-ခု နိုဝင်ဘာလ ၃-ရက်နေ့ နံနက် ၉-နာရီတွင်
စုပေါင်း ရွတ်ဖတ် ပူဇော်ကြပါမည်
အကြိမ်ကိုးဆယ်မြောက်
တရားဦးဓမ္မစကြာ ပူဇော်ပွဲ
Saturday, October 27, 2018
Friday, October 26, 2018
Thursday, October 25, 2018
အမေရိကန်နိုင်ငံ ဗေးဧရိယာမှာရှိကြသော သံဃာတော်များ ပဝါရဏာပွဲ
Wednesday, October 24,
2018
သာသနာနှစ် ၂၅၆၂၊ ခရစ်နှစ် ၂၀၁၈၊ မြန်မာသက္ကရာဇ်
၁၃၅၀-ခု သီတင်းကျွတ်လပြည့်နေ့
ဒေးလီးစီးတီးမြို့ ရတနာဉာဏ်ရောင်ကျောင်းတော်တွင်
သံဃာတော် ၂၆-ပါး သံဃပ၀ါရဏာ ပြုကြပါသည်။
အမေရိကန်နိုင်ငံ ဗေးဧရိယာမှာရှိကြသော ရဟန်းတော်များ
ဝါလကင်းလွတ် သီတင်းကျွတ် လပြည့်နေ့တွင် သံဃာတော်များ ညီညီညွတ်ညွတ် စုပေါင်း၍
သိမ်ရှိသောကျောင်းတိုက်များမှာ တစ်နှစ်တစ်ကျောင်း လှည့်လည်၍ ပဝါရဏာ ပြုကြပါတယ်။ ဒီ
အစီအစဥ်တွေကိုတော့ ဗေးဧရိယာမှာ လွန်ခဲ့သော ဆယ့်ရှစ်နှစ်လောက်ကစပြီး
ဓမ္မာနန္ဒဆရာတော် ဘုရားတို့ ဦးဆောင်၍ ပြုလုပ်လာခဲ့ကြတာ ယခုနှစ်အထိ ကျင့်သုံးနေဆဲ
ဖြစ်ပါတယ်။
ပဝါရဏာဆိုတာကတော့ ဖိတ်ကြားတာပါပဲ၊ "သံဃံ ဘန္တေ
ပ၀ါရေမိ ဒိဋ္ဌေန ၀ါ သုတေန ၀ါ ပရိသင်္ကာယ ၀ါ ၀ဒန္တု မံ အာယသ္မန္တော အနုကမ္ပံ
ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ။"
တဲ့၊
အဓိပ္ပါယ်က အရှင်ဘုရားတို့
တပည့်တော်သည် သံဃာတော်ကို ဖိတ်မန္တကပြုပါသည်။ တပည့်တော်၏အပြစ်ကို မြင်သည်ဖြစ်စေ၊
ကြားလျှင်ဖြစ်စေ၊ ယုံမှား သံသယရှိလျင်ဖြစ်စေ၊
တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ဆုံးမ
ပြောဆို ကြပါဘုရား၊ အရှင်ဘုရားတို့ ဆုံးမသည့်အတိုင်း တပည့်တော်မှာ
အပြစ်ရှိနေသည်ဟု တွေ့မြင်ရလျှင် တပည့်တော် လိုက်နာ
ပြုပြင်ပါ့မည်ဘုရား။
ဒီလိုဖိတ်ကြားပြီးနောက် ဝါတော်အကြီးဆုံး ဆရာတော်က ဆုံးမစကားပြောကြားပါတယ်။
အင်္ဂုတ္တိုရ်မှာလာတဲ့ ဥပက္ကိလေသသုတ် ကို အခြေခံပြီး
ဆုံးမသွားပါတယ်၊ လိုရင်းလေးကတော့ တိမ်တိုက် ဆီးနှင်း မြူ ရာဟု
အသုရိန်စသည်တို့သည် လ နေ တို့၏ ညစ်နွမ်းကြောင်းဖြစ်တယ်၊ ထို့အတူ သမဏဗြာဟ္မဏတို့ မှာလည်း ရဟန်းဖြစ်လျှက် သေရည်သေရက်ကို သောက်သုံးခြင်း၊ မေထုန်အကျင့်ကို
မှီ၀ဲခြင်း၊ ရွှေငွေကို ခံယူခြင်း၊ မှားသော အသက်မွေးခြင်းစသည် ယင်းညစ်နွမ်းကြောင်းတို့ဖြင့်
ညစ်နွမ်းကုန်သော အချို့သော ရဟန်း သမဏ ဗြာဟ္မဏတို့သည်
အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။ ဆိုတဲ့အကြောင်း ဟောကြား ဆုံးမလေတော့ ရွှေငွေကို ခံယူခြင်း ဆိုတဲ့အချိန်မှာ
ပြုံးမိသွားတယ် ဘာလို့လဲဆိုတော့ သိမ်ထဲကထွက်တာနဲ့ ရဟန်းတွေ ငွေဆိုတာကို
လက်ခံသာယာကြတော့မယ်လေ။
ပွဲပြီးတော့ ထင်ထားတဲ့အတိုင်းပါပဲ ဘုန်းကြီးတစ်ပါးကို
အလှူခံစရာ အိတ်တစ်လုံးစီပေးပါတယ် တန်းစီကြွကာ အလှူခံကြရမှာပေါ့၊ လပြည့်နေ့မှာ
ရဟန်းတွေ တိမ်ဖုံးလို့ လ မသာနိုင်တော့ပါ။ အချို့ တကာမတွေက ဆိုကြသေးတယ်
အိတ်နဲ့ဆို ရတယ်မို့လားတဲ့၊ မရပါလေ ဒကာမတို့ရေ။ တကာမတစ်ယောက်က စာအိတ်ပေါ်မှာ
ဘယ်လိုရေးရတာလဲ အဲလိုရေးရင် ရတယ်မို့လားအရှင်ဘုရား၊ နဝကမ္မလို့ ရေးရပါတယ် သို့သော်လည်း
မရပါလေ ဒကာမတို့ရေ။
ပြောရင်းဆိုရင်း
ဆရာတော်ကြီးတွေ အိတ်ကြီးဆွဲလို့
ဆင်းသွားပြီ ငါ့ရှင်တို့ တန်းစီသွားကြစို့…
Wednesday, October 24, 2018
Kahtein Thingan offering ceremony 2018
Sunday, November 4,
2018
ဆန်ဖရန်စစ်စကိုမြို့
လောကနာထ ဘုန်းတော်ကြီးကျောင်း
စုပေါင်း ဘုံကထိန်သင်္ကန်း လှူဒါန်းပွဲ
Subscribe to:
Posts (Atom)








