Sunday, August 16, 2015

လှူဒါန်းနိုင်ခဲ့သော စာသင်ကျောင်းများစာရင်း...


လောကနာထဘုန်းတော်ကြီးကျောင်း

၂၀၁၅-ခု ဝါဆိုသင်္ကန်းလှူဒါန်းပွဲမှ ကျောင်းအတွက် ရရှိဝတ္ထုငွေတို့အား
မြန်မာပြည်ရေဘေးကြောင့် ပျက်စီးခဲ့ရသော ပွင့်ဖြူမြို့နယ်မှ
စာသင်ကျောင်းများအတွက် ခွဲဝေလှူဒါန်းမှု အမှတ်တရ မှတ်တမ်း

စာသင်ကျောင်း ၁-ကျောင်းလျှင် ၃၀ဝ,ဝ၀ဝိ ဖြင့် ၁၁-ကျောင်း လှူဒါန်းနိုင်ခဲ့ပါသည်။

အလှူဖြစ်မြောက်ရေးအတွက် ကူညီလှူဒါန်းပေးကြသူ
မိတ္ထီလာမြို့မှ ဝိသာခါ အကျိုးဆောင်အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။

အခြားသော နေရာများတွင်လည်း အနည်းငယ်စီ လှူဒါန်းပါသည်။

ဘုန်းတော်ကြီးအား အစစအရာရာ ထောက်ပံ့သူများ နှင့် ကြားသိသမျှ အားလုံး
ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုနိုင်ကြစေရန်
အမျှပေးဝေရင်း အသိပေး အကြောင်းကြားအပ်ပါသည်။
သာဓု… သာဓု… သာဓု…ဟူ၍ ခေါ်ကြပါလေ။

ဆရာတော် ဦးလောကနာထ
၈.၁၆.၂၀၁၅


လှူဒါန်းနိုင်ခဲ့သော ကျောင်းများစာရင်း

1. ပွင့်ဖြူမြို့နယ် ဇီးတောရွာ အလယ်တန်းကျောင်း
2. ကုန်းဇောင်းမြို့ အထက်တန်းကျောင်း
3. ဂွေ့ရွာ မူလတန်းကျောင်း
4. လျှောက်တော မူလတန်းကျောင်း
5. လျှောက်တော အထက်တန်းကျောင်း
6. မကျည်းကုန်းရွာ မူလတန်းကျောင်း
7. သစ်ချိုကုန်း မူလတန်းကျောင်း
8. ထူးကျေးရွာ မူလတန်းကျောင်း
9. လက်ပနွယ်ရွာ မူလတန်းကျောင်း
10. ပြည်လုံးကျော်ရွာ အလယ်တန်းကျောင်း
11. မုန်းမြင့် မူလတန်းကျောင်း

အများအတွက် အကျိုးပြုမည့် ပညာတတ် များများ မွေးထုတ်နိုင်ပါစေ။














pdf file

နောက်ထပ်ပုံများ ထပ်တင်ပေးထားပါသည်...

No comments:

Post a Comment