Saturday, January 19, 2019

ထေရဝါဒ ရဟန်းတော်များ အသုံး မပြုသင့်သော အတတ်ပညာ


မဟာသီလ

အချို့သော အသျှင် သမဏ ဗြာဟ္မဏတို့သည်

ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင်


[ထေရဝါဒ ရဟန်းတော်များ အသုံးမပြုသင့်သော]

မှားသော အသက်မွေးမှု ဖြစ်သော

နတ်ရွာ၊ မဂ်ဖိုလ်မှ ဖီလာအတတ် ဖြင့် အသက်မွေး ကြ၏။






ဤသည်တို့ကား



အင်္ဂကျမ်း အတတ်

နိမိတ်ကျမ်း အတတ်

ဥပ္ပါတကျမ်း အတတ်

အိပ်မက်ကျမ်း အတတ်

လက္ခဏာကျမ်း အတတ်

ကြွက်ကိုက်ကျမ်း အတတ်

မီးပူဇော်ခြင်း အတတ်

ယောက်မဖြင့် ပူဇော်ခြင်း အတတ်

ဖွဲဖြင့် ပူဇော်ခြင်း အတတ်

ဆန်ကွဲဖြင့် ပူဇော်ခြင်း အတတ်

ဆန်ဖြင့်ပူဇော်ခြင်း အတတ်

ထောပတ်ဖြင့် ပူဇော်ခြင်း အတတ်

ဆီဖြင့် ပူဇော်ခြင်း အတတ်

ခံတွင်းဖြင့် ပူဇော်ခြင်း အတတ်

သွေးဖြင့် ပူဇော်ခြင်း အတတ်

အင်္ဂ၀ိဇ္ဇာ အတတ်

မြေကြန် အတတ်

မင်းမှုရေးရာ အတတ်

ဘေးငြိမ်းခြင်းကို ပြုသော အတတ်

ဖုတ် တစ္ဆေ အတတ်

မြေအိမ်၌ သင်ယူရသော အတတ်

မြွေအတတ် အဆိပ်အတတ်

ကင်းမြီးကောက် အတတ်

ကြွက်ခဲနာကု အတတ်

ငှက်သံအတတ် 

ကျီးသံအတတ် 

အသက်ဟော အတတ် 

မြားလွဲ အတတ် 

သားမြည်သံ အတတ် 

ကျောက်မျက် လက္ခဏာ အတတ်

အ၀တ်အထည် လက္ခဏာ အတတ်

တုတ်တောင်ဝှေး လက္ခဏာ အတတ်

ဓား လက္ခဏာ အတတ်

သန်လျက် လက္ခဏာ အတတ်

မြား လက္ခဏာ အတတ်

လေး လက္ခဏာ အတတ်

ကြွင်းသော လက်နက် လက္ခဏာ အတတ်

မိန်းမ လက္ခဏာ အတတ်

ယောကျာ်း လက္ခဏာ အတတ်

သတို့သား လက္ခဏာ အတတ်

သတို့သမီး လက္ခဏာ အတတ်

ကျွန် ယောကျာ်း လက္ခဏာ အတတ်

ကျွန် မိန်းမ လက္ခဏာ အတတ်

ဆင် လက္ခဏာ အတတ်

မြင်း လက္ခဏာ အတတ်

ကျွဲ လက္ခဏာ အတတ်

နွားလား လက္ခဏာ အတတ်

နွား လက္ခဏာ အတတ်

ဆိတ် လက္ခဏာ အတတ်

သိုး လက္ခဏာ အတတ်

ကြက် လက္ခဏာ အတတ်

ငုံး လက္ခဏာ အတတ်

ဖွတ် လက္ခဏာ အတတ်

အထွတ် "ကဏ္ဏိကာ" လက္ခဏာ အတတ်

လိပ် လက္ခဏာ အတတ်

သားကောင် လက္ခဏာ အတတ်

မင်းတို့ စစ်ထွက်လတ္တံ့ ဟူသော အတတ်

မင်းတို့ စစ်ပြန်လာလတ္တံ့ ဟူသော အတတ်

ပြည်တွင်းမင်းတို့ စစ်တက်လတ္တံ့ ဟူသော အတတ်

ပြည်ပမင်းတို့ စစ်ဆုတ်လတ္တံ့ ဟူသော အတတ်

ပြည်ပမင်းတို့ စစ်တက်လတ္တံ့ ဟူသော အတတ်

ပြည်တွင်းမင်းတို့ စစ်ဆုတ်လတ္တံ့ ဟူသော အတတ်

ပြည်တွင်းမင်းတို့ စစ်အောင်လတ္တံ့ ဟူသော အတတ်

ပြည်ပမင်းတို့ စစ်ရှုံးလတ္တံ့ ဟူသော အတတ်

ပြည်ပမင်းတို့ စစ်အောင်လတ္တံ့ ဟူသော အတတ်

ပြည်တွင်းမင်းတို့ စစ်ရှုံးလတ္တံ့ ဟူသော အတတ်

ဤမင်း စစ်နိုင်လတ္တံ့ ဟူသော အတတ်

ဤမင်း စစ်ရှုံးလတ္တံ့ ဟူသော အတတ်

လကြတ်လတ္တံ့ ဟူသော အတတ်

နေကြတ်လတ္တံ့ ဟူသော အတတ်

နက္ခတ်ကြတ်လတ္တံ့ ဟူသော အတတ်

လနေတို့ လမ်းမှန်သွားလတ္တံ့ ဟူသော အတတ်

လနေတို့ လမ်းလွဲသွားလတ္တံ့ ဟူသော အတတ်

နက္ခတ်တို့ လမ်းမှန် သွားလတ္တံ့ ဟူသော အတတ်

နက္ခတ်တို့ လမ်းလွဲသွားလတ္တံ့ ဟူသော အတတ်

ဥက္ကာကျလတ္တံ့ ဟူသော အတတ်

ကြိတ်ထွက်လတ္တံ့ ဟူသော အတတ်

ငလျင်လှုပ်လတ္တံ့ ဟူသော အတတ်

မိုးထစ်ကြိုးလတ္တံ့ ဟူသော အတတ်

လ နေ နက္ခတ်တို့ တက်ခြင်း သက်ခြင်း မှေးမှိန်ခြင်း တောက်ပခြင်းဖြစ်လတ္တံ့

လကြတ်ခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့ ဟူသော အတတ်

နေကြတ်ခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့ ဟူသော အတတ်

နက္ခတ်ကြတ်ခြင်းကြောင့် ဤသို့ အကျိုးဖြစ် လတ္တံ့ ဟူသော အတတ်

လ နေ တို့ လမ်းမှန် သွားခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့ ဟူသော အတတ်

လ နေ တို့လမ်းလွဲ သွားခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့ ဟူသော အတတ်

နက္ခတ်တို့ လမ်းမှန် သွားခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့ ဟူသော အတတ်

နက္ခတ်တို့ လမ်းလွဲ သွားခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့ ဟူသော အတတ်

ဥက္ကာကျခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့ ဟူသော အတတ်

ကြိတ်ထွက်ခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့ ဟူသော အတတ်

ငလျင် လှုပ်ခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့ ဟူသော အတတ်

မိုးထစ် ကြိုးခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့ ဟူသော အတတ်

လ နေ နက္ခတ်တို့ တက်ခြင်း သက်ခြင်း မှေးမှိန်ခြင်း တောက်ပခြင်းကြောင့်

ဤသို့ ဖြစ်လတ္တံ့ ဟူသော အတတ်

မိုးကောင်း လတ္တံ့ ဟူသော အတတ်

မိုးခေါင် လတ္တံ့ ဟူသော အတတ်

၀ပြော လတ္တံ့ ဟူသော အတတ်

ခေါင်းပါး လတ္တံ့ ဟူသော အတတ်

ငြိမ်းချမ်း လတ္တံ့ ဟူသော အတတ်

ဘေးများ လတ္တံ့ ဟူသော အတတ်

ရောဂါများ လတ္တံ့ ဟူသော အတတ်

ရောဂါကင်း လတ္တံ့ ဟူသော အတတ်

လက်ချိုးရေခြင်း အတတ်

ဂဏန်း အတတ်

သင်္ချာ အတတ်

ကဗျာ အတတ်

လောကာယတကျမ်း အတတ်

သတို့သမီး ဆောင်ယူ၍ ထိမ်းမြားခြင်း

သတို့သမီး ပေး၍ ထိမ်းမြားခြင်း

စေ့စပ်ပေးခြင်း

ကွာရှင်းပေးခြင်း

ဥစ္စာသိမ်းဆည်းစေခြင်း

ဥစ္စာဖြန့်ဖြူးစေခြင်း

ကျက်သရေ တိုးစေခြင်း

ကျက်သရေ ယုတ်စေခြင်း

ကိုယ်၀န် မတည်မြဲသည်ကို တည်မြဲစေခြင်း

လျှာခိုင်စေခြင်း

မေးခိုင်စေခြင်း

လက်ဟန့် မန္တန်စုတ်ခြင်း

နားပင်း မန္တန်စုတ်ခြင်း

မှန်၌ နတ်သွင်း၍ မေးခြင်း

သတို့သမီး၌ နတ်သွင်း၍ မေးခြင်း

နတ်မေးခြင်း

နေကို လုပ်ကျွေးခြင်း

ဗြဟ္မာကို လုပ်ကျွေးခြင်း

ခံတွင်းမှ မီးတောက်စေခြင်း

သိရိနတ်သမီးကို ပင့်ခေါ်စေခြင်း

နတ်ကိုးခြင်း

တောင်းဆုပြည့်၍ နတ်ပူဇော်ခြင်း

ဖုတ်တစ္ဆေ အတတ်ကို

လေ့ကျင့်ခြင်း မြေအိမ်၌နေ၍ သင်အပ်သော အတတ်ကို လေ့ကျင့်ခြင်း

ပဏ္ဍုက်ကို ယောကျာ်း ဖြစ်စေခြင်း

ယောကျာ်းကို ပဏ္ဍုက် ဖြစ်စေခြင်း

မြေကြန်အတတ်ကို လေ့ကျင့်ခြင်း

ဆောက်လုပ်မည့် မြေရာ၌ အစီအရင်ပြုခြင်း

ခံတွင်းဆေးခြင်း

ရေချိုးစေခြင်း

မီးပူဇော်ခြင်း

ပျို့အန်စေခြင်း

၀မ်းသက်စေခြင်း

သလိပ်စသည့် ဒေါသတို့ကို အထက်သို့ လှန်စေခြင်း

အောက်သို့ လျှောစေခြင်း

ဦးခေါင်းမှ သွေးစသော ဒေါသတို့ကို ထွက်စေခြင်း

နားဆီချက်ခြင်း

မျက်စဉ်းဆီချက်ခြင်း

နှာနှတ်ခြင်း

ထက်သော မျက်စဉ်းဆေးဖော်ခြင်း

အေးသော မျက်စဉ်းဆေးဖော်ခြင်း

တိမ်သလာကို ဆေးကုခြင်း

ခွဲစိတ်ကုသခြင်း

သူငယ်နာ ဆေးကုခြင်း

မူလဆေးတို့ကို ပေးခြင်း

အနာဆေးတို့ကို ကပ်ခြင်း ခွာခြင်း စသည် ပြုလုပ်ကြ၏...



စင်စစ်မူကား ထိုသို့ မပြုလုပ်သော

သီလနှင့် ပြည့်စုံသော ရဟန်းသည် ယင်းသို့ သီလ

စောင့်ထိန်းခြင်းနှင့် စပ်၍ မည်သည့်အကြောင်းကြောင့်မျှ ဘေးကို မတွေ့မြင်ရ၊

အဘိသိက် သွန်းပြီးသော ရန်သူကို ပယ်ပြီးသော မင်းသည်

ရန်သူနှင့် စပ်၍ မည်သည့်အကြောင်းကြောင့်မျှ ဘေးကိုမတွေ့မြင်ရသကဲ့သို့၊

ဤအတူ သီလနှင့် ပြည့်စုံသော ရဟန်းသည် သီလစောင့်ထိန်းခြင်းနှင့် စပ်၍

မည်သည့် အကြောင်းကြောင့်မျှ ဘေးကို မတွေ့မမြင်ရ၊

ထိုရဟန်းသည် ဤမြတ်သော သီလအစုနှင့် ပြည့်စုံသည်ဖြစ်၍

မိမိသန္တာန်၌ အပြစ်ကင်းသော ချမ်းသာကို ခံစား၏။

ရဟန်းသည် ဤသို့လျှင် သီလနှင့် ပြည့်စုံပေ၏။



(သီလက္ခန်ပါဠိတော်- သာမညဖလသုတ်) ၂၀၅ - ၂၁၂











- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

၁။ ဤ၌ ဖီလာအတတ် ဟူသည် နတ်ရွာနိဗ္ဗာန် ရောက်ကြောင်း အကျင့်နှင့် ဆန့်ကျင်ဘက်အတတ်တည်း၊ ။

၂။ ဥပ္ပါတကျမ်း မိုးကြိုးကျခြင်းစသည်၏ အကျိုးအပြစ်ကို ဆိုသောကျမ်း။

၃။ သုဓာဘောဇနဇာတ်တွင် "ကဒလိမိဂါ ဗဟူ စေတ္ထ၊ ဗိဠာရာ သသကဏ္ဏိကာ" ဟူသော ဂါထာ၌ ကဏ္ဏိကသဒ္ဒါသည်

သမင် ဒရယ်အနက်ကို ဟော၏၊ ၀ိဓုရဇာတ်၌ကား "ဗိဠာရာ သသကဏ္ဍကာ" ဟု ရှိ၏၊ ကဏ္ဍကသဒ္ဒါသည် ကြံ့ကို

ဟော၏၊ ဤ သီလက္ခန် အဋ္ဌကထာ၌ကား နားတန်းဆာ ဟူ၍လည်းကောင်း အထွတ်ဟူ၍လည်းကောင်း ဖွင့်ဆို၏။

No comments:

Post a Comment